ပျားရည်ကို အပင်နှင့် စိုက်ခင်းများတွင် အသုံးချခြင်း

ပျားရည်ဆိုတာ အားလုံးသိတဲ့အတိုင်း အရသာရှိတဲ့ သဘာဝပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ပျားရည်ကို အစားအစာတွေထဲမှာ အမျိုးမျိုးအသုံးပြုလို့ရပြီး အကင်တွေပေါ်မှာ ဆမ်းတာမျိုး၊ ဒိန်ချဉ်နဲ့ လတ်ဆတ်တဲ့ သစ်သီးတွေပေါ်မှာ ရောစပ်စားသုံးတာမျိုး၊ သကြားအစားထိုး သစ်သီးတွေကြာရှည်ခံအောင် ပြုလုပ်တာမျိုးအပြင် စွဲမက်ဖွယ်ကောင်းတဲ့ ဟင်းလျာချက်ပြုတ်နည်း အမျိုးမျိုးမှာလည်း ထည့်သွင်းအသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျားရည်ကို ကျန်းမာရေးဆိုင်ရာကိစ္စတွေ၊ အသေးစား ထိခိုက်ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်အလှအပဆိုင်ရာ ကုသတဲ့နေရာတွေမှာလည်း သဘာဝပစ္စည်းအနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။ အတော်များများ မသိကြသေးတဲ့ ပျားရည်ရဲ့ အသုံးဝင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ အပင်နဲ့ စိုက်ခင်းတွေမှာပါ အကျိုးရှိရှိ အသုံးပြုနိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ယခုဆောင်းပါးမှာ အပင်တွေ စိုက်ခင်းတွေမှာ ပျားရည်ကို ဘယ်လိုပုံစံနဲ့ အသုံးပြုလို့ရမလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အမြစ်ကိုင်းဖြတ်မျိုးပွားရာ (root cutting) တွင် အသုံးပြုခြင်း […]

မြေဆောင်ရောဂါ ပြဿနာ ထိန်းချုပ်ကာကွယ်နည်းများ

အပင်စိုက်ပျိုးရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေထဲမှာမှ မြေဆောင်ရောဂါကျရောက်တဲ့ ပြဿနာတွေဟာ အနှောင့်အယှက်ဖြစ်စေဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ မြေဆောင်ရောဂါတွေ ကျရောက်တဲ့အခါ အပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်နိုင်ပြီး တဖြည်းဖြည်းအပင်လှီကာ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ မြေဆောင်ရောဂါတွေဟာ မြေဆီလွှာထဲမှာ ရှင်သန်လှုပ်ရှားနေတဲ့ အဏုဇီဝသက်ရှိတွေကြောင့် ဖြစ်ပွားရတာဖြစ်ပြီး သာမန်မျက်စိနဲ့ မမြင်တွေ့နိုင်သလို အပင်ထိခိုက်နေသည်အထိတိုင်အောင် သတိမပြုမိဘဲ ဖြစ်တတ်ကြပါတယ်။ မည်သည့်ရောဂါမဆို ရောဂါဖြစ်ပွားဖို့အတွက် အခြေခံအားဖြင့် အချက် ၃ ချက်လိုအပ်ပါတယ်။ ၁။ ရောဂါဖြစ်ပွားစေသော သက်ရှိ၂။ လက်ခံအပင်နဲ့၃။ သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေ စတဲ့ အချက်တွေ ဖြစ်ပါတယ်။မြေဆောင်ရောဂါတွေ ဖြစ်ပွားရာမှာ ရောဂါဖြစ်စေတဲ့ သက်ရှိတွေဟာ မြေဆီလွှာထဲမှာ ကာလကြာရှည် ကျန်ရှိနေနိုင်ပြီး ၎င်းတို့ရဲ့လက်ခံပင် (သီးနှံပင်) တွေ စိုက်ပျိုးတဲ့ အချိန်ထိတိုင်အောင် အချိန်ကြာမြင့်စွာ စောင့် ဆိုင်းနေနိုင်တာ […]

အသီးများ ကွဲအက်ရခြင်း၏ အကြောင်းအရင်း ၅ ခု

အသီးများကွဲအက်ခြင်းဟာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထုတ်လုပ်ရာမှာ တွေ့ရတတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် အသီးအနှံတွေရဲ့ ကြီးထွားမှုကာလ အလယ်ပိုင်းနဲ့ နှောင်းပိုင်း အဆင့်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသီးတွေ ကွဲအက်ပြီးတဲ့နောက်မှာ အသီးရဲ့ အရည်အသွေးတွေ ကျဆင်းလာမှာဖြစ်ပြီး ရောဂါပိုးမွှားများ အလွယ်တကူဝင်ရောက်နိုင်ကာ တဖြည်းဖြည်း ပုပ်ပြီး ဆိုးရွားစွာပျက်စီးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အသီးတွေ ကွဲအက်တာနဲ့ပတ်သက်လို့ စိုက်ပျိုးသူအများစုကတော့ ကယ်လ်စီယမ် ချို့တဲ့တာကြောင့်ဆိုပြီး ဦးစားပေး စဉ်းစားကြလေ့ရှိပါတယ်။ ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းပေးနေသမျှ အသီးတွေမကွဲဘူးဆိုပြီး တော့လည်း ယူဆကြလေ့ရှိပါတယ်။ အမှန်တကယ်တော့ ဒီအယူအဆက မှားနေတာ ဖြစ်ပါတယ်။ အသီးတွေကို အက်ကွဲစေတဲ့ အကြောင်းအရင်း များစွာရှိနိုင်ပြီး အစိုဓာတ်၊ မြေသြဇာကျွေးခြင်းနဲ့ စီမံခန့်ခွဲမှု စတဲ့အချက်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသီးတွေကွဲအက်ရခြင်းရဲ့ အကြောင်းရင်းတွေကို […]